ကရာကတ် ၅  ဖေဖော်ဝါရီ

ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုသည် ဥရုဂွေးနိုင်ငံရှိ ဘဏ်ထဲသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်လွှဲပြောင်းရန် ကြိုးစားနေသည်ဟု အတိုက်အခံခေါင်းဆောင်ဖြစ်သူ ဂျူအန်ဂွိုက်ဒိုက မကြာသေးမီက ပြောကြားလိုက်သည်။

ဥရောပနိုင်ငံ အတော်များများက ဂျူအန်ဂွိုက်ဒိုကို ဗင်နီဇွဲလားနိုင်ငံ၏ ခေါင်းဆောင်အဖြစ် တရားဝင် အသိ အမှတ်ပြုပြီးနောက် နိုင်ငံတော်ကို ရုပ်မြင် သံကြားမှ မိန့်ခွန်းပြောကြားရာတွင် ဂျူအန်ဂွိုက်ဒိုက မာဒူရိုသည် နိုင်ငံတော် ဖွံ့ ဖြိုးရေးဘဏ် ဘန်ဒက်မှ ငွေများကို ဥရုဂွေးဘဏ်တစ်ခုသို့ လွှဲပြောင်းပေးနေ ကြောင်း အထောက်အထားတစ်စုံတစ်ရာမပြဘဲ ပြောကြားခဲ့ကြောင်း သိရသည်။

ဂျူအန်ဂွိုက်ဒိုအား သမ္မတအဖြစ် သတ်မှတ်ခဲ့သည့် သြစတြီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ ဗြိတိန်အပါအဝင် ဥရောပ နိုင်ငံအတော်များများ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောကြားခဲ့သည်။

ဂျူအန်ဂွိုက်ဒိုအား ဗင်နီဇွဲလားနိုင်ငံ ၏ ယာယီသမ္မတအဖြစ် အသိအမှတ်ပြု ကြောင်း ဥရောပပါလီမန်၏ ဇန်နဝါရီ ၃၁ ရက်ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်းနှင့် ဥရောပနိုင်ငံများက အမေရိကန်နိုင်ငံနှင့် တခြားနိုင်ငံပေါင်း ၂၃ နိုင်ငံကျော်နှင့်အတူ ဗင်နီဇွဲလားနိုင်ငံ ၏ ဖွဲ့စည်းပုံအရ ဂျူအန်ဂွိုက်ဒိုအား ယာယီသမ္မတအဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအိုက ကြေညာချက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အေအက်ဖ်ပီ