ပန်းတနော်၊ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် တိရစ္ဆာန်မွေးမြူရေးအခြေခံပညာပေးသင်တန်းကို ဇွန်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ မင်းဂရုကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သိန်းမြင့်နှင့် အဖွဲ့ဝင်များက ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ စသည့် တိရစ္ဆာန်များ၏ မွေးမြူပုံနည်းလမ်းများနှင့် တိရစ္ဆာန် မျိုးနွယ်စုများအကြောင်း၊ မွေးမြူရေးခြံတည်ဆောက်ပုံ၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ တိရစ္ဆာန်များအတွက် အစာကျွေးမွေးပုံ နည်းလမ်းများ၊ စျေးကွက်ရှာဖွေးရေး နည်းလမ်းများ စသည့် အကြောင်းအရာများအား သင်ကြားပို့ချပေးပြီး သင်တန်းသား သင်တန်းသူ (၂၀) တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)