မိုင်းရှူး     ဇွန်    ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ အမှတ်(၁)ရပ်ကွက် စျေးပတ်လမ်းတွင် အကျယ်(၄)‌ပေ၊အနက်(၃)ပေ ရှိသည့် Box Culvertတံတားတစ်ခု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

ယင်းတံတားသည် မိုင်းစံမြို့နယ်ခွဲ စည်ပင်သာယာ ရေးဌာန၏၂၀၂၂-၂၀၂၃ဘဏ္ဍာ‌ရေးနှစ်၊ ပထမသုံးလပတ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၂၀)ဖြင့် Box Culvert တံတားကို မေလ ၂၂   စတင် ဆောင်ရွက်ရာ ဇွန်လ ၂၀ ရက်တွင်   ဆောင်ရွက်ပြီးစီးခဲ့သည်။

  

အဆိုပါတံတား‌ဆောင်ရွက်ပြီးစီးမှုကို မိုင်းစံမြို့တာဝန်ခံနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်း စစ်‌ဆေး ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

သန်းလူ(ပြန်/ဆက်)