လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၄၀၈၇ ဦး ရှိလာ

 

ဗီယင်ကျန်း ဇွန် ၂၇

 

လာအိုနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁၆၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူပေါင်း ၄၀၈၇ ဦးရှိလာကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ပြောကြားသည်။

 

လာအိုနိုင်ငံ၏ မြို့တော်ဗီယင်ကျန်းသည် သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂၁၄၅ ဦးရှိကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပညာရေးစင်တာက ယနေ့တွင် ပြောကြားသည်။

 

လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူများအနက် ၅၇၂ ဦးသည် ဆာရာဗန်ပြည်နယ်မှဖြစ်ပြီး ၃၂၄ ဦးသည် အက်တာပူပြည်နယ်မှဖြစ်ကာ ၂၂၀ သည် ဆီခွန် ပြည်နယ်မှဖြစ်ကြောင်း သိရသည်။ လာအိုနိုင်ငံ၌ လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် မြို့တော်ဗီယင်ကျန်းမှ နှစ်ဦးနှင့် ဆာရာဗန်ပြည်နယ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် နေအိမ်များနှင့် အလုပ်လုပ်ကိုင်ရာ နေရာများတွင် ခြင်ပေါက်ပွားနိုင်သော နေရာများကို ရှင်းလင်းရန် လာအိုနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ပြည်သူများအား တိုက်တွန်း ထားကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်