ကာလိ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ကာလိမြို့သို့ အလုပ်သမား မှတ်ပုံတင်ကတ်ပြား အခမဲ့ဝန်ဆောင်မှု ပြုလုပ်ပေးခြင်းကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ကာလိမြို့ပေါ် (၆)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား နိုင်ငံ့ဝန်ထမ်း အလုပ်လျှောက်ရာတွင် လည်းကောင်း၊ ပုဂ္ဂလိကဝန်ထမ်း အလုပ်လျှောက်ရာတွင် လည်းကောင်း ၊ ကုမ္မဏီဝန်ထမ်း အလုပ်လျှောက်ရာတွင် လည်းကောင်း အသုံးပြုနိုင်ရန် အလုပ်သမား မှတ်ပုံတင်ကတ်ကို သက်တမ်းတစ်နှစ်ဖြင့် အခမဲ့ ကွင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)