ငါ့သရောက်          ဇူလိုင်        ၁၅

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ်(၁) မြောက်ကုန်းရပ်ကွက်တွင် ဒေသခံပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရသည့် စက်ရေတွင်းမှာ ချို့ယွင်းပျက်စီးနေသဖြင့် ဇူလိုင် ၁၄ ရက်က ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မာရိပ်သာကျောင်းတိုက် ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတ ရေလှူအဖွဲ့က ချို့ယွင်းပျက်စီးသည့် စက်ရေတွင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

 

ငါ့သရောက်မြို့၊ အမှတ်(၁) မြောက်ကုန်းရပ်ကွက်တွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၂၀၀ ကျော်ရှိကာ ဒေသခံ ပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး နှစ်စဉ် သောက်သုံးရေအတွက် ရပ်ကွက်အတွင်းရှိ စက်ရေတွင်းအား မှီခိုအားထားနေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)