ရေကြည်       ဇူလိုင်     ၁၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် Cash For Work စီမံကိန်းကျေးရွာများ၏ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၁၅ ရက်က စိမ်းလဲ့ရေကြည်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က စီမံကိန်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုန်းတက်ကျေးရွာသို့ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အုပ်တိုက်ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းရန်ပုံငွေများကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ဗျိုက်ကြီးကျေးရွာသို့ Cash For Work စီမံကိန်းရန်ပုံငွေများကို လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)