နေပြည်တော် ၇ ဖေဖော်ဝါရီ
မြန်မာ - ဂျပန် ဂီတပွဲတော်ကို မန္တလေးမြို့ရှိ မန္တလေးအမျိုးသားကဇာတ်ရုံ၌ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဂီတပွဲတော်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဂီတပွဲတော်တွင် နားပန်းဆံနှင့် မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း အပါအဝင် အခြားအနောက်တိုင်းနှင့် ဂျပန်သံစဉ်များကို တီးခတ် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။
မွှေးကြူဇင်