၇ ဖေဖော်ဝါရီ

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်အရှေ့ပိုင်း ကီဂျော်နာ မြို့ငယ်အနီးတွင်ယမန်နေ့ မနက်ပိုင်းက ခရီးသည်တင်လေယာဉ်ငယ် ပျက်ကျခဲ့သဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် အသက်၅၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ထိတ်လန့်တုပ်လှုပ်ပြီး သေဆုံးခဲ့ကြောင်း အရေးပေါ်ဌာနက အတည်ပြု ဖော်ပြထားသည်။

ထိုလေယာဉ်ပျက်ကျမှုကြောင့် ကီဂျော်နာတွင် ယနေ့မနက်ပိုင်းက သတိပေးချက် ထုတ်ပြန်ထားကြောင်းနှင့် ဆေးအဖွဲ့ကုသရန် ရောက်ရှိလာသော်လည်း ယင်းသေဆုံးသူနှစ်ဦးကို ကုသမှု မပြုလုပ်ခဲ့ရကြောင်း အရေးပေါ်ဌာန အကြီးအကဲ အန်တိုနီယို က တွစ်တာတွင် ရေးသားထားသည်။

ကောင်းကင်မှာ ကြည်လင်နေပြီး လေတိုက်နှုန်း နည်းပါးချိန်တွင် ၎င်းလေယာဉ်ငယ်ပျက်ကျခြင်းဖြစ်ကြောင်း သိရသည်။

အစောင့်တပ်ဖွဲ့က ယင်းပျက်ကျ လေယာဉ်ငယ် ဆင်းသက်ရာတွင် ပြဿနာ ရှိ၊ မရှိနှင့် လေထုထဲတွင် လေယာဉ်နှစ်စီး အပြင်းအထန်တိုက်မိခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို