ကျောက်တလုံးကြီး ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စု လုံကား အထကတွင် School Milk Program အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်းကို ဩဂုတ် ၁၂ ရက်
နံနက်ပိုင်းက တိုက်ကျွေးခဲ့သည်။
အဆိုပါ School Milk Program အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာအောင်မင်းထွန်းတို့က နွားနို့ ၃၅၀ စီစီ ဘူး ၄၅၀ ကို ကျောင်းသား ကျောင်းသူများအား တိုက်ကျွေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)