ခေတ်သစ်မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနှင့် အမျိုးသားလွတ်လပ်ရေးသမိုင်းကိုပြောလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍက အလွန့်အလွန်အရေးပါသောနေရာမှာ ရှိနေသည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း ဘဝ၊ တို့ဗမာအစည်းအရုံး ခေါင်းဆောင် သခင်အောင်ဆန်းဘဝ၊ ဗမာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဘဝ၊ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင် ဦးအောင်ဆန်း ဘဝ စသည့်ဖြတ်သန်းခဲ့သော ဘဝအသီးသီးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဖြူစင်ဖြောင့်မတ်မှု၊ ပြည်သူလူထုအကျိုးနှင့် လွတ်လပ်ရေးကလွဲ၍ ဘာကို မှ မမျှော်လင့် မမက်မောမှု၊ အမြော်အမြင်ကြီးမှုနှင့် သတ္တိပြောင်မှုတို့က ထင်ရှားသည့် ဝိသေသများဖြစ်ပါသည်။

 
ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလမ်းòန်မှုများမှာလည်း အထူး တိကျပြီး ရှင်းလင်းပါသည်။ သည်အထဲတွင် ဗိုလ်ချုပ်အရေးတယူအပြုဆုံး ကိစ္စတစ်ခုမှာ ညီညွတ်ရေး ဖြစ်ပါ၏။ ၁၄ ဩဂုတ် ၁၉၄၅ ဂျပန်တို့ လက်နက် ချပြီး ဒုတိယက္ဘာစစ်ပြီးဆုံးသွားသည့်အခါ ဗိုလ်ချုပ်က ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အခြားသော နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ် ကာ ဆွေးနွေးပွဲကျင်းပခဲ့သည်။ ထိုသို့ဆွေးနွေးပြီးနောက် စက်တင်ဘာတွင် တပ်မတော်ကနုတ်ထွက်ပြီး ဦးအောင်ဆန်းအဖြစ်နှင့် ဖဆပလအဖွဲ့ချုပ် တာဝန်ကိုယူခဲ့သည်။ 


ထိုဆွေးနွေးပွဲတွင် ဖဆပလအဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြရင်း ထိုနိုင်ငံရေးခေါင်းဆောင်များကို ဖဆပလနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်စကားပြော၏။ ဗိုလ်ချုပ်က- “ကနေ့ လူကြီးများ အစည်းအဝေးခေါ်ရခြင်းအကြောင်းမှာ နိုင်ငံအတွင်း နိုင်ငံရေးညီညွတ်မှုကို ရှေးရှု၍ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ အရင်ကလည်း ခေါ်ခဲ့တယ်။ မူလက လည်း ရည်ရွယ်ခဲ့တယ်” ဟုအစချီကာ ဖဆပလအဖွဲ့ချုပ်၏ ရည်ရွယ်ချက် အတိုင်း ဖက်ဆစ်ဝါဒ က္ဘာပေါ်က ပပျောက်ရေး၊ နိုင်ငံလွတ်လပ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းစဉ်များကို အများပြည်သူတို့ရဲ့ ဆန္ဒနဲ့အညီ တညီတညွတ်တည်း လုပ်ကိုင်ရေးတို့ကို ပြောခဲ့သည်။ ထို့နောက် ဖက်ဆစ် ဝါဒပပျောက်ရေးဆိုင်ရာ၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ကြရန်တို့နှင့်အတူ- ]]ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတစ်ဦး ထဲက ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့နဲ့ ခေါင်းဆောင်မှုမျိုးဖြစ်ရမယ်။ အဖွဲ့ရဲ့ဆန္ဒမဟုတ်ဘဲ၊ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့ရဲ့ ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုး တွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ က္ဘာကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ၊ ကိုယ့်လူမျိုး ချစ် ခင်သော်လည်း အခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ် ဘဲ က္ဘာမှာ တိုင်းပြည်အချင်းချင်းသင့်မြတ်စွာ တစ်ဦးအကျိုးတစ်ဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးလည်း ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး၊ တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင်၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးခွင့်ရှိရမယ်။ ... အခုစစ်ကြီးလည်း ပြီးသွား ပြီ၊ တိုက်ခိုက်မှုတွေလည်း မကြာခင် ပြီးဆုံးတော့မှာပဲ။ သို့သော်လည်း ကျွန်တော်တို့ ဗမာပြည်ရဲ့ အရေးက မပြီးသေးဘူး။ ကျွန်တော်တို့ ဗမာပြည် ရဲ့အရေးဟာဗမာပြည်သူပြည်သားတွေ၊ ခေါင်းဆောင်တဲ့လူတွေ ညီညွတ် စွာနဲ့ လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင် မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းပြည်မှာ ညီညွတ် ရေးဟာ အဓိကလုပ်ငန်းပဲ။ ညီညွတ်ရေးဆိုပေမယ့် တိုင်းပြည်လွတ်လပ်ရေး နဲ့ ထူထောင်ရေးကို အထက်ပါအခြေခံအချက်တွေနဲ့ ဆောင်ရွက်မယ့် ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်...” ဟု ြွမက်ဟခဲ့သည်။ 


တစ်ဖန်ဖဆပလပြည်လုံးညီလာခံကြီးကျင်းပချိန် ၂၃ ဇန်နဝါရီ ၁၉၄၆ တွင်လည်း ဖဆပလအဖွဲ့ချုပ်ကြီးထဲသို့ အားလုံးတိုင်းသူပြည်သားများ ဝင်ပြီး စင်ကြယ်သည့် ညီညွတ်ရေး၊ စင်ကြယ်သည့်နိုင်ငံရေးကို တည်ဆောက်ကြဖို့ မေတ္တာရပ်ခံကြောင်းပြောရင်း- “ဗမာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီးသို့ခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်း နိုင်ခွင့်ရှိသော အခြေအနေဆိုက်ရောက်အောင် (ဝါ) လွတ်လပ်ရေးရအောင် အလိုဆုံးအရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီ သောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း” အစချီကာ ညီညွတ်ရေးအဆိုကို တင်သွင်း ခဲ့ရာ ညီလာခံလူထုက ထောက်ခံအတည်ပြုခဲ့ပါသည်။ ယနေ့လို နိုင်ငံအကျပ်အတည်းများမှ လွတ်မြောက်အောင် အားထုတ် ကြိုးပမ်းနေကြချိန်တွင် အမျိုးသားခေါင်းဆောင်ကြီး၏ ညီညွတ်ရေးမူ၊ ညီညွတ်ရေးလုပ်ငန်းစဉ်တို့ကို ဆက်လက်အကောင်ထည်ဖော်ကြရန် လိုအပ်ပြီဟု နှိုးဆော်လိုက်ရပါကြောင်း။ မြန်မာ့အလင်း