နေပြည်တော် ၈ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဖေဖော် ဝါရီလ ဒုတိယ(၁၀) ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များကို အောက်ပါအတိုင်းထုတ်ပြန်ထားသည်။

 

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူ မြို့နှင့် ကသာမြို့တို့တွင် ၁ -ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် ပေဝက်ခန့် လက်ရှိရေ အမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ညောင်ဦးမြို့၊ ချောက်မြို့ ၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာ တမြို့နှင့် ဇလွန်မြို့တို့တွင် လက်ရှိရေမှတ်များအောက် ပေဝက်ခန့် ကျဆင်းလာနိုင်သည်။

 

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။

 

MDN