၈ ဖေဖေါ်ဝါရီ
၂၀၁၈ ခုနှစ်အတွင်း ပေကျင်းသို့ ပင်လယ်ရပ်ခြား ကမ္ဘာလှည့်ခရီးသွား ၄ သန်းကျော် လာရောက်ခဲ့ပြီး နှစ်အ လိုက် ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း မြူနီစီပယ် စာရင်းအင်းဗျူရိုက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့မှာ ပေကျင်းသို့လာရောက်သော ပြည်ပခရီးသွားများ၏ အဓိကနှစ်နိုင် ငံဖြစ်ပြီး ၄ သန်းကျော်အနက် ခရီးသွား ၇၂၀ဝ၀ဝ ခန့်မှာ အမေရိကန်ပြည်ထောင်စုမှဖြစ်ပြီး ခရီးသွား ၂၄၉၀ဝ၀ ခန့်မှာ ဂျပန်နိုင်ငံဖြစ်ကြောင်း အဆိုပါဗျူရို၏ အချက်အလက်များအရ သိရသည်။
တိုက်အလိုက်သတ်မှတ်ရာတွင် ပြီးခဲ့သည့် နှစ်အတွင်း အာရှတိုက်ရှိ နိုင်ငံများနှင့်ဒေသများမှ ခရီးသွား ၁ ဒသမ ၇ သန်းခန့် ပေကျင်းသို့လာရောက်ခဲ့ပြီး နှစ်အလိုက် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ အာရှတိုက်မှာ ပေကျင်းသို့ ခရီးသွားအများဆုံးလာရောက်ရာ ရင်းမြစ်ဒေသဖြစ်သည်။
တစ်ရက်တာခရီးစဉ်များမြှင့်တင်ရန်၊ ၁၄၄ နာရီ ဗီဇာကင်းလွတ်ဝင်ခွင့်မူဝါဒ ဖော်ဆောင်ရန်နှင့် ပြည်ပခရီးသွား များကို ပိုမိုဆွဲဆောင်ရေးအတွက် အခွန်ပြန်အမ်းငွေပေးရန် ပေကျင်းက စီစဉ်လျက်ရှိကြောင်း ပေကျင်း မြူနီစီ ပယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်က ပြီးခဲ့သည့်နှစ်အတွင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်