ဗန်းမော်   ၈   ဖေဖော်ဝါရီ   

 

ကချင်ပြည်နယ် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်၊ ကရင်ကုန်းအုပ်စု၌ ဖွင့်လှစ်ထားသော NGO အဖွဲ့အစည်းပိုင် AHRN( Asian Harm Reduction Network) Drop-in-Centre & Office  တွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီ ၅၅ မိနစ်က Main ခုံမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။    

 

ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်၊ ကရင်ကုန်းအုပ်စု၌ ဖွင့်လှစ်ထားသော NGO အဖွဲ့အစည်းပိုင် အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးရေးအဖွဲ့အစည်းရုံး AHRN (Asian Harm Reduction Network) Drop-in-Centre & Office  တွင် ညစောင့် ဦးနော်ပ(၅၁)နှစ်အား ရှိနေစဉ် နံနက် ၅ နာရီ ၅၅ မိနစ်က Main ခုံမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ကာ မီးလောင်နေရာသို့ ဗန်းမော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် ဦးဆောင်သော  မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃ဝ)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂ဝ)ဦးတို့က မီးငြှိမ်းသတ်ခဲ့ကာ နံနက် ၇ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။     

 

အဆိုပါမီးလောင်မှုကြောင့် ညစောင့် ဦးနော်ပ(၅၁)နှစ်အား ဗန်းမော်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     

 

သျှမ်းကလေး(ဗန်းမော်)

 

DSC0