၈ ဖေဖော်ဝါရီ


အာဂျင်းတီးနား တိုက်စစ်မှုး၊ ပရီးမီးယားလိဒ်ရဲ့ ကားဒစ်အသင်းရဲ့ ဘောလုံးသမားလည်း ဖြစ်တဲ့ ဆာလာရဲ့ ရုပ်အလောင်းကို မနေ့က ပြန်တွေ့ပြီလို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ 


ဇန်နဝါရီ ၂၁ ရက်နေ့က ဆာလာစီးနင်းလာတဲ့ လေယာဉ်ဟာ ပြင်သစ်ဘောလုံးအသင်းက သူ့ရဲ့ အသင်းသစ် ကားဒစ်ကို ပြန်လာ ရာသီဥတု မကောင်းတဲ့အတွက် အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျောက်ဆုံး ခဲ့ပါတယ်။


အသက် ၂၈ နှစ်အရွယ် ဆာလာ ဟာ  သူရဲ့ လေယာဉ်မှူး အသက် ၅၉ နှစ် ဒေးဗစ် အစ်ဘော့စွန်  နဲ့အတူ ပျောက်ဆုံးခဲ့ရာ အင်္ဂလန်တောင်ပိုင်း ပေါ့လန်းအနီးမှာ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့သီတင်းပတ်က လေယာဉ်ထိုင်ခုံ နှစ်ခုကို ပြင်သစ်ကမ်းခြေမှာ တွေ့ပြီးနောက် လေယာဉ်ဟာ အစိတ်စိတ်ပြတ်သွားကြောင်း ပုဂ္ဂလိက သင်္ဘောအစိတ်အပိုင်းရှာဖွေးရေး အဖွဲ့ က ပြောပါတယ်။ 


ဆာလာဟာ ပြင်သစ်အသင်းကနေ ကားဒစ်အသင်းကို ပြောင်းရွှေ့ကြေးအမေရိကန်ဒေါ်လာ ၁၉.၃ သန်း နဲ့ အခုလို လေယာဉ်နဲ့အတူ မပျောက်ဆုံးခင်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 


MDN
ကိုးကား - AFP