ဝဏ္ဏ (TGI)

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern  Economic Forum-2022)  ကျင်းပပြုလုပ်ရာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဗလာဒီဗော့စတော့ခ်မြို့  Far Eastern Federal University (FEFU) ၏ ခန်းမကြီးမှာ ခမ်းနားထည်ဝါလှသည်။ ခန်းမကြီး၏ ခမ်းနားထည်ဝါမှုကို အခမ်းအနားတက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin ၊ အာမေးနီးယားနိုင်ငံ ဝန်ကြီး ချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu အစရှိသည့် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်တက်ရောက်ခြင်းက ပိုမို၍ ထည်ဝါစေခဲ့သည်။ ထိုထို သော နိုင်ငံ့ခေါင်းဆောင်များသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ပါဝင်တက်ရောက်သည်ဖြစ်၍ အတိုင်းထက်အလွန်၊ တံခွန်နှင့် ကုက္ကားဟု ဆိုရလောက်အောင်ပင် တင့်တယ်လွန်းသည်ဟု ထင်မြင်မိသည်။

အစည်းအဝေးအစတွင်     ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတက ရုရှား အရှေ့ဖျားဒေသ၏  လက်ရှိကာလ ဖွံ့ဖြိုး တိုးတက်မှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံ မှုအတွက် ယှဉ်ပြိုင်မှုစွမ်းအားတိုးတက် ကောင်းမွန်လာစေရေး ဆောင်ရွက်ပေး မည့် အခြေအနေများ၊ အထူးစီးပွားရေးဇုန် များတွင် အာရှနှင့်ပစိဖိတ်ဒေသမှ ရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေများ၊   အဆင့်မြှင့်တင် ထားသည့် ဆိပ်ကမ်းကြီး ပေါ်ပေါက်လာ ရေး    ဆောင်ရွက်နေမှုအခြေအနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်း    ပင်လယ်ရေလမ်းကြောင်း တစ်ခု  ပေါ်ပေါက်လာရေး ဆောင်ရွက် သွားမည့်အခြေအနေတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးသည်။ တိုးတက် ပြီးနိုင်ငံဖြစ်သည့်အတွက် သူ၏ဆွေးနွေး မှုမှာ နိုင်ငံအပေါ်မူတည်၍ ဆောင်ရွက်နိုင် မှုများကို ဝံ့ဝံ့ကြွားကြွားရှိလှသည်။

အိမ်ရှင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆွေးနွေးမှုအပြီးတွင်    မြန်မာနိုင်ငံက ဆွေးနွေးရသည်။ သံတမန်ကျင့်ဝတ်အရ အိမ်ရှင်နိုင်ငံမှ     ဆွေးနွေးမှုအပြီးတွင် Protocol အရ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် ဆွေးနွေးခွင့်ရသည်ကပင် ရုရှားနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှု   ရင့်ကျက်ခြင်းကို ပြသည်။

မြန်မာနိုင်ငံ၏အရေးပါမှု

“စားနပ်ရိက္ခာလုံခြုံရေး     (Food Security)  ကဏ္ဍတွင်  မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်  ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ”   ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးသည်။ ဆွေးနွေးသည့် ခေါင်းစဉ် တွင် အပိုင်း နှစ်ပိုင်းပါ၍ အမိမြန်မာနိုင်ငံမှ တိုင်းရင်းသား    ညီအစ်ကိုမောင်နှမများ အပေါ်  ထားရှိသည့်    စိတ်စေတနာကို ကွက်ကွက်ကွင်းကွင်း        မြင်နိုင်သည်။ စတင်ဆွေးနွေးမှုတွင်   လူသားများ၏ ရှင်သန်ခွင့်အတွက်  စွမ်းအင် (Energy)ကို  အစားအသောက်မှ   ရရှိခြင်းဖြစ်၍ စားနပ်ရိက္ခာလုံခြုံမှုရှိရေး(Food Secu-rity)မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ဖြစ်သည်ဟု   နှိုးဆော်သံဖြင့်   စသည်။ သတိမမူ၊ ဂူမမြင် ဟူသော မြန်မာစကား ပုံတစ်ခုကို သတိရမိသည်။ အရေးကြီး ဆုံးအရာကို သတိမူလျှင်မြူတောင်မြင်မိ စေရန်    နှိုးဆော်ခြင်းဖြင့်   စသည်ဟု နားလည်မိသည်။  ယခင်ကာလများက စားနပ်ရိက္ခာလုံခြုံရေး(Food Security)ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့မှုနှင့် ခေတ်ကာလ အလိုက် ပြောင်းလဲလာမှုကိုလည်း သတိ ပြုမိရန် ဆိုသည်။ ကမ္ဘာ့နိုင်ငံများအလိုက် ပြည်တွင်းတွင်       မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာမှ ဝယ်ယူ တင်သွင်းမှုများကြောင့် ဘဏ္ဍာရေးလုံခြုံ မှု(Financial Security)သည် စားနပ် ရိက္ခာလုံခြုံမှု(Food Security) အပေါ် လွှမ်းမိုးလာသည်ဟု တွေ့ရှိချက်ကိုလည်း ထည့်သွင်းဆွေးနွေးသည်။ လတ်တလော ကမ္ဘာအဝန်းရင်ဆိုင်နေရသည့်   ကိစ္စကို ဆွေးနွေးသည်ဖြစ်၍ ငြင်းဆိုဖွယ်စကား ထွက်လာရန်မရှိသည့်    ဆွေးနွေးမှုဟု ထင်မြင်မိသည်။

နိုင်ငံကြီးတစ်ခု၏ ငွေကြေးက   လုပ်ဆောင်နေခြင်း

စားနပ်ရိက္ခာလုံခြုံရေး  (Food Se-curity)တွင် အဓိကကျသည့် သွင်းအားစု များဟု   ခေါ်ဆိုသည့်    လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထောက် အကူပြုပစ္စည်းများကို ရောင်းဝယ်ရာတွင် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲ၍ ဒေါ်လာ ကို   လက်နက်သဖွယ်    အသုံးပြုလာမှု၊ အကျိုးဆက်အဖြစ်   နိုင်ငံငယ်များက နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များ၌ နိုင်ငံ ကြီးများ၏ ဩဇာကို လွန်ဆန်နိုင်မှုမရှိ ဖြစ်လာမှုတို့ကို    ထည့်သွင်းဆွေးနွေး သည်။  ယခင်ကာလများတွင်    နိုင်ငံ တစ်နိုင်ငံအား  ကျူးကျော်ရန်အတွက် Missionary (သာသနာပြုများ စေလွှတ် ခြင်း)၊ Military  (စစ်အင်အားအသုံးပြု ခြင်း)၊ Merchant (ကုန် သည်များစေလွှတ် ခြင်း) စသည်တို့ဖြင့် ဆောင်ရွက်သည်။ ယခုခေတ်ကာလဖြစ်စဉ် ဖြစ်ရပ်များအရ Money (ငွေကြေး) က အဓိကနေရာသို့ ရောက်လာလေသလားဟု  တွေးထင်မိ သည်။ ထိုထက် ပိုမိုသည်က နိုင်ငံကြီး တစ်ခု၏ ငွေကြေးက လုပ်ဆောင်နေခြင်း ဖြစ်သည်။  သို့ဆိုလျှင် ဖြေရှင်းရန် နည်း လမ်းမရှိပါပြီလောဟု  မေးဖွယ်ရှိသည်။ 

ထိုမေးဖွယ်အတွက် အဖြေစကားကို အကြီးအကဲ၏   ထပ်ဆင့်ဆွေးနွေးမှု တွင်ပါသည်။      ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတွင်    ဒေါ်လာအစားထိုး အဖြစ်  ရူဘယ်၊ ယွမ်၊ ရူပီးအစရှိသည့် ငွေကြေးများကို အသုံးပြုနိုင်သည်။ ၎င်း အပြင် တိုက်ရိုက်ကုန်စည် ဖလှယ်မှုစနစ် (Barter System)ကိုလည်း အသုံးပြုနိုင် သည်ဟု   ဆွေးနွေးသည်။   ရလာမည့် အကျိုးကျေးဇူးအနေဖြင့် နိုင်ငံငယ်များ အနေဖြင့်  ငွေကြေးအနိုင်ကျင့်ခံရမှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အင်အားကြီးမိတ်ဆွေနိုင်ငံများအနေဖြင့် ဝိုင်းဝန်း ကူညီရန် မေတ္တာရပ်ခံကြောင်း ဆွေးနွေး သည်။ တစ်ယောက်အားဖြင့် ယူသော်မရ၊ အများအားဖြင့် ယူသော်ရမည်ဟု ညွှန်း ဆိုခြင်းပင်ဖြစ်သည်။ နိုင်ငံကြီးများ၏ ငွေကြေးအရ အနိုင်ကျင့်ခံနေရမှုကို မိမိ တို့တစ်နိုင်ငံတည်းသာ လွတ်မြောက်ရန် မဟုတ်။ နိုင်ငံငယ်များ အားလုံးအတွက် ကိုယ်စားပြုတိုက်တွန်းချက်၊   မေတ္တာ ရပ်ခံချက်ဟုလည်း   နားလည်မိသည်။ အကြီးအကဲ၏       စာနာနားလည်မှု၊ စေတနာတရားကို      လှစ်ဟပြသည့် ဆွေးနွေးချက်ဟုလည်း ထင်မြင်မိသည်။


စားနပ်ရိက္ခာပြုန်းတီးမှု ထောက်ပြဆွေးနွေး

နိုင်ငံတစ်နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံ ရေးအား ပြည့်စုံစွာ အကောင်အထည်ဖော် နိုင်ရန် လိုအပ်ချက်များ၊ ကျန်းမာရေး နှင့်ညီညွတ်သော အစားအသောက်များ ကို    သင့်တင့်သောဈေးဖြင့်      လွယ်ကူ လုံလောက်စွာဝယ်ယူနိုင်ပါက စားနပ် ရိက္ခာ   ပြည့်စုံကုံလုံသော    နိုင်ငံအဖြစ် သတ်မှတ်နိုင်မှုများကိုလည်း  ဆွေးနွေး သည်။ ယင်းသို့ ပြည့်စုံကုံလုံမှု၏ အခြား တစ်ဖက်တွင်   စားနပ်ရိက္ခာလုံခြုံရေး အပေါ် စိန်ခေါ်မှုများဖြစ်သည့် လူဦးရေ တိုးတက်လာမှု၊    စားနပ်ရိက္ခာလိုအပ် ချက်(Demand)မြင့်တက်လာမှု၊ ဈေးနှုန်း ပြောင်းလဲမှု၊  စိုက်ပျိုးသီးနှံမျိုးစိတ်များရှားပါးလာမှု၊ ပျောက်ကွယ်သွားမှု၊ ရာသီ ဥတုပြောင်းလဲလာမှု၊ ရေနှင့် စိုက်ပျိုးမြေ ရှားပါးလာမှု၊ အကြောင်းအမျိုးမျိုးကြောင့် စားနပ်ရိက္ခာ  ပြုန်းတီးမှု၊  ဖြုန်းတီးမှု စသည့်အကြောင်းတရားများကိုလည်း သတိပြုနိုင်ရန်   ထောက်ပြဆွေးနွေး သည်။  သတိမူက  မြူကိုပင်မြင်နိုင်သဖြင့် အသေးစိတ်သတိမူမိရန်    ထောက်ပြ ခြင်းသည် စေတနာအရင်းခံစိတ်ကြောင့် ဟုပင် ထင်မြင်မိသည်။

ကမ္ဘာ့လူဦးရေ  တိုးတက်မှု၊  သက် တမ်းတိုးမြင့်လာမှုတို့အရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်    ကမ္ဘာ့လူဦးရေသည် ၈   ဘီလီယံသို့လည်းကောင်း၊   ၂၀၃၀ ပြည့်နှစ်တွင် ၈.၅ ဘီလီယံ၊ ၂၀၅၀ ပြည့် နှစ်တွင် ၉.၇၃ ဘီလီယံ၊ ၂၁၀၀ ပြည့် နှစ်တွင် ၁၀.၄ ဘီလီယံအထိ တိုးတက် လာမည်ဟု သုတေသီများ၊ ပညာရှင်များ က ခန့်မှန်းထားမှု၊ တိုးတက်လာသည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်မှု (Demand) လည်း   တိုးတက်လာမည် ဖြစ်ကြောင်းကိုလည်း    ဆွေးနွေးသည်။ စားနပ်ရိက္ခာလိုအပ်မှု(Demand) မြင့် တက်လာသည်နှင့်အမျှ အခြေခံစားကုန် များဖြစ်သည့် ဆန်၊ ဂျုံ စသည့်အခြေခံ စားကုန်များ၊  ဆီနှင့်    ဆီထွက်သီးနှံ၊ အသားနှင့်   အသားထွက်ကုန်၊   နို့နှင့် နို့ထွက်ပစ္စည်းများ၊    အသီးအနှံများ စသည်တို့၏ ဝယ်လိုအားလည်း သိသာ စွာ    တိုးတက်လာမည်ကို    လေးလေး နက်နက်   ဆွေးနွေးသည်။   ကုန်စည် ရောင်းဝယ်မှုများတွင်    ထုတ်လုပ်မှု (Supply)နှင့် လိုအပ်မှု(Demand) တို့မှာ ပြောင်းပြန်အချိုးကျလေ့ရှိသည်ဟု ဆို ကြသည်။ အခြားကုန်စည်များအတွက် ပြောင်းပြန်အချိုးကျခြင်းမှာ    လူသား မျိုးနွယ်စုကို ကြီးမားသော ရိုက်ခတ်မှု မရှိနိုင်သော်လည်း    စားနပ်ရိက္ခာတွင် ယင်းသို့    ပြောင်းပြန်အချိုးကျခြင်းမှာ ရလဒ်ဆိုးကိုသာ ထွက်ပေါ်နိုင်သည်ကို သတိပြုမိရန်လိုအပ်သည်။ ဤသည်ကို အကြီးအကဲက သတိပြုမိရန် ထောက်ပြ ဆွေးနွေးမှုက အဖိုးတန်လှသည်။ 

အာဆီယံနိုင်ငံများမှ ဆန်စပါး မက်ထရစ် 
တန် ၁၉၁ သန်းကျော် ထုတ်လုပ်

ဆွေးနွေးမှုအား ခေါင်းစဉ်နှင့်ညီစွာ ဆက်လက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ၏ ပထဝီဖြစ်တည်မှုအရ သမုဒ္ဒရာကြီး နှစ်ခုအား ဆက်သွယ်ပေါင်းကူးရာတွင် အချက်အချာကျပြီး အင်ဒို-ပစိဖိတ်ဒေသ တွင် အရေးပါသောနေရာတွင် ပါဝင်နေမှု၊ အရှေ့တောင်အာရှ   နိုင်ငံများအဖွဲ့ (ASEAN)အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်း    တည်ငြိမ်အေးချမ်းရေး အတွက်  များစွာအရေးပါပြီး  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း ရှိသည့်  နိုင်ငံများအဖြစ် ရပ်တည်နေမှု တို့ကို ဆွေးနွေးသည်။ အာဆီယံနိုင်ငံများ မှ   ၂၀၂၀   ပြည့်နှစ်အတွင်း   ဆန်စပါး မက်ထရစ်တန် ၁၉၁ သန်းကျော်၊ ပြောင်း မက်ထရစ်တန် ၄၅ သန်းကျော်၊ ကြံ မက်ထရစ်တန်    ၁၄၄   သန်းကျော်နှင့် ပီလောပီနံ မက်ထရစ်တန် ၇၉ သန်း ကျော်    စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှုကို လည်း ရှင်းလင်းဆွေးနွေးသည်။ ထိုသို့ ထုတ်လုပ်နိုင်မှုများအရ    ကမ္ဘာ့စားနပ် ရိက္ခာလုံခြုံရေးအတွက် အဓိကအခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိမှု၊ ၂၀၂၀ ပြည့် နှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံအထိရှိခဲ့မှု၊ အာဆီယံ ဒေသတွင်းကုန်သွယ်မှုမှာ   အမေရိကန် ဒေါ်လာ ၅၅၀ ဘီလီယံသာရှိ၍ အာဆီယံ ပြင်ပကုန်သွယ်မှုသည်     အမေရိကန် ဒေါ်လာ  ၂  ထရီလီယံကျော်အထိ   ရှိမှု တို့ကိုလည်း ဆွေးနွေးသည်။ ဆွေးနွေးမှု တွင် အားလုံးကသတိပြုမိရန် လိုအပ် သည့် အဓိကအချက်ကို ကိန်းဂဏန်း များအဖြစ်ဖြင့်   ဆွေးနွေးသွားသည်ဟု ထင်သည်။  အာဆီယံဒေသကို   ဩဇာ ဖြန့်ကြက်လိုသော နိုင်ငံများမှ ငွေကြေး လက်နက်ဖြင့် အသုံးချလုပ်ဆောင်နေမှု ကို   စားနပ်ရိက္ခာသည်   အာဆီယံတွင် ရှိသည်ဟု ဆိုချင်သည်လားမသိ။ စားနပ် ရိက္ခာကိုလက်နက်အဖြစ်    အသုံးမပြု သည့်တိုင် ငယ်သာငယ်သည် အစွယ်နှင့် ဟု ဆိုလိုသည်ဟု မှန်းဆမိသည်။

ထိုထက်ပိုသည်ဟု   ယူဆဖွယ်ရာ ဆွေးနွေးချက်မှာ မြန်မာ၊ ထိုင်း၊ ဗီယက် နမ်နိုင်ငံများ၏   စိုက်ပျိုးနိုင်မှုဧရိယာ အနေဖြင့် ၂၃ သန်းကျော်မျှရှိသည်ကို ထည့်သွင်းဆွေးနွေးသည်။    အာဆီယံ ၁၀ နိုင်ငံ၏ စိုက်ပျိုးမြေမှာ စုစုပေါင်း ဟက်တာ ၁၃၉ သန်းဟု ဆိုသော်လည်း ညွှန်းခဲ့သည့် ၃ နိုင်ငံမှာ ဆန်စိုက်ပျိုးသည့် ဧရိယာဟု ဆွေးနွေးမှုတွင် ထည့်သွင်း သည်။ တည်ရှိပြီးဖြစ်သည့် စိုက်ပျိုးမြေ များတွင်  ဆန်စပါးစိုက်ပျိုးမှုကို  ရာသီ မရွေး  ဆောင်ရွက်နိုင်ရန်အတွက်လည်း    ဆောင်ရွက်သွားရန်လိုကြောင်း  တိုက် တွန်းသည်။

အခြေခံစားနပ်ရိက္ခာထုတ်လုပ်သည့် ပင်မနိုင်ငံအဖြစ် ရပ်တည်

မြန်မာနိုင်ငံ၏   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်     စိုက်ပျိုးမြေ၊ သဘာဝသစ်တောဧရိယာများ၊    မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ ပင်လယ်ကမ်းရိုး တန်းများ စသည့်သဘာဝအရင်းအမြစ် ကောင်းများ ပိုင်ဆိုင်မှု၊ နိုင်ငံ၏ စိုက်ပျိုး မြေ ဟက်တာ ၁၃ သန်း ကျော်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ နှမ်း၊ ဝါ စသည်တို့ကို စိုက်ပျိုး၍   ဆန်၊ ပဲနှင့်  ပြောင်းတို့ကို တင်ပို့ရောင်းချမှု စသည်ဖြင့်   မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းအခြေအနေ ကို ဆက်လက်ဆွေးနွေးသည်။ စိုက်ပျိုး ရာတွင် မျိုးကောင်း၊ မျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များ ပြည့်စုံရန် လိုအပ်ပြီး အဓိကအားဖြင့် မြေဩဇာနှင့် ဒီဇယ်ဆီ လိုအပ်ကြောင်း၊ မိတ်ဆွေနိုင်ငံ များမှ ၎င်း ၂ ချက်ကို ကူညီဆောင်ရွက် ပေးနိုင်ပါက     စိုက်ပျိုးထုတ်လုပ်မှုကို နှစ်ဆခန့်   တိုးမြှင့်နိုင်ပြီး   စားနပ်ရိက္ခာ လုံခြုံမှု (Food Security)ကို များစွာ အထောက်အကူပြုနိုင်ကြောင်း ဆွေးနွေး သည်။           


ဆွေးနွေးမှုတွင် နိုင်ငံအတွင်းရှိ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား၊ ၎င်းမှ သည်   နိုင်ငံတော်၊   နိုင်ငံတော်မှသည် ကမ္ဘာတစ်ဝန်းအထိ   လွှမ်းခြုံသည်ကို သတိပြုမိသည်။ စားနပ်ရိက္ခာ၏ ကနဦး လယ်၊ ယာ၊ ကိုင်း၊ ကျွန်းမှသည် ကမ္ဘာ တစ်ဝန်းရှိ စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိ ရေးအထိ ဦးတည်သည်ကပင် ဆွေးနွေး မှု၏ အသက်ဟု ဆိုနိုင်သည်။ အမိမြန်မာ နိုင်ငံ၏ ခေတ်အဆက်ဆက် စားနပ်ရိက္ခာ ဖူလုံခဲ့မှု၊ စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန် များကို အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံ များသို့  တင်ပို့ရောင်းချခဲ့ပြီး   အခြေခံ စားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မနိုင်ငံ အဖြစ် ရပ်တည်ခဲ့မှုများကိုလည်း အစဉ် အလာကောင်းသည့် နိုင်ငံဟု ညွှန်းဆို၍ ဆွေးနွေးသည်။   မိမိနိုင်ငံ၏    ဂုဏ်ရှိန် ဝင့်ထည်မှုအတွက်     အကြီးအကဲ၏ ဆွေးနွေးမှုမှာ ဂုဏ်ယူအားရဟန် အပြည့် ပါသည်။

ခေါင်းစဉ်၏ ပထမအပိုင်းဟု ဆိုနိုင် သည့်   စားနပ်ရိက္ခာလုံခြုံရေး   (Food Security) ကဏ္ဍတွင်   မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ပတ်သက်၍ အကြီးအကဲ၏ ဆွေးနွေးချက်မှာ မဟာဗျူဟာမြောက် သည့်  ဆွေးနွေးချက်ဟု  ဆိုနိုင်သည်။ ကမ္ဘာနှင့်အဝန်း       ကာလအလိုက် တိုးတက်လာမည့် လူဦးရေနှင့် စားနပ် ရိက္ခာလိုအပ်မှု(Demand)တိုးတက်လာ နိုင်မှု၊ အမိမြန်မာနိုင်ငံမှ ကမ္ဘာတစ်ဝန်း အတွက် စားနပ်ရိက္ခာလုံခြုံရေး(Food Security) အတွက် ဆောင်ရွက်ပေးနိုင် သည့်အခြေအနေ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသမှ  ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံ ရေး(Food Security)  အတွက် အားဖြည့် ဆောင်ရွက်ပေးနိုင်မှုတို့ကို အများမြင်သာ အောင် ဆွေးနွေးခဲ့သည်။ 

လက်ရှိ     အမိမြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် ဈေးကွက် စီးပွားရေးစနစ်ဖြင့် ရှေ့သို့ လှမ်းချီလျက်ရှိ သည်။ တစ်နိုင်ငံလုံးတွင်  လယ်၊   ယာ၊ ကိုင်း၊ ကျွန်း  အစရှိသည့်  စိုက်ပျိုးမြေ စုစုပေါင်းမှာ ဧက ၃၃ သန်းကျော်အထိ ရှိပြီး   ၎င်းစိုက်ပျိုးမြေများတွင်   စပါး၊ ပြောင်း၊ နှမ်း၊ ပဲ စသည့် သီးနှံများကို အဓိကထား    စိုက်ပျိုးလျက်ရှိသည်။ အခြားသီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိသည့် အပြင်   စက်မှုကုန်ကြမ်းသီးနှံများဖြစ် သည့် ကြံ၊ ဝါ အစရှိသည့် သီးနှံမျိုးစုံတို့ကို အောင်မြင်စွာ   စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ စိုက်ပျိုးမြေဧရိယာ၏ အများစု တွင်    စပါးစိုက်ပျိုးမှုကို   အဓိကထား ဆောင်ရွက်လျက်ရှိပြီး    ရာသီအလိုက် စိုက်ပျိုးနိုင်မှုအနေဖြင့်     မိုးစပါးဧက ၁၅.၀၀၈ သန်းနှင့် နွေစပါးဧက ၂.၄၂၀ သန်းခန့်တို့ကို    စိုက်ပျိုးလုပ်ကိုင်လျက် ရှိသည်။ စပါးထွက်ရှိမှုအနေဖြင့် ၂၀၂၁- ၂၀၂၂ခုနှစ်  ဘဏ္ဍာနှစ်အတွင်း  ပျမ်းမျှ စပါးတင်း သန်းပေါင်း ၁၃၁၅ သန်းခန့် ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု အနေဖြင့် လုံလောက်ရုံသာမက ပြည်ပ နိုင်ငံများသို့ ဆန်အဖြစ် တင်ပို့ရောင်းချ ခြင်းကို ၂၀၂၀-၂၀၂၁  ခုနှစ်  ဘဏ္ဍာနှစ် အတွင်း တန် ၁.၈ သန်း ကျော်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်   (Mini Budget)  အတွင်း တန်ချိန် ၁.၃ သန်းအထိ  တင်ပို့နိုင်ခဲ့သည်။ လာမည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် လည်း စပါးထုတ်လုပ်မှု  ပိုမိုမြှင့်တင်၍ ထွက်ရှိလာသည့်   ဆန်များကို   တင်ပို့ ရောင်းချခြင်းဖြင့်     ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှု(Food Security) ကို ကောင်းစွာ ပံ့ပိုးဆောင်ရွက်နိုင်ရေး   စီမံဆောင်ရွက် လျက်ရှိသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်နိုင် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။