ရေကြည် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မကျီးလဟာကျေးရွာအုပ်စုတွင် ယနေ့နံနက် ၈ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံးပြိုလဲကာ နေအိမ်(၄)လုံး အမိုးလန် ပျက်စီးခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် နေအိမ် ၄ လုံး၊ အမိုးလန် ပျက်စီးသည့် နေအိမ် ၄ လုံး စုစုပေါင်း နေအိမ် ၈ လုံး ပျက်စီးခဲ့ပြီး အဆိုပါ အိမ်ထောင်စုများကို ၎င်းတို့၏ မိသားစု ဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်စေလျက်ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဆန်းတင့် (ရေကြည်)