ရေကြည်    စက်တင်ဘာ  ၁၉

 

ဧရာဝတီတိုင်းဒေသကြီး   ကျုံပျော်ခရိုင်   ရေကြည်မြို့နယ်   မကျီးလဟာကျေးရွာအုပ်စုတွင်   ယနေ့နံနက်  ၈  နာရီခွဲက  မိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်(၄)လုံးပြိုလဲကာ  နေအိမ်(၄)လုံး အမိုးလန် ပျက်စီးခဲ့သည်။

 

 

မိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် နေအိမ် ၄ လုံး၊ အမိုးလန် ပျက်စီးသည့် နေအိမ် ၄ လုံး စုစုပေါင်း နေအိမ် ၈ လုံး ပျက်စီးခဲ့ပြီး အဆိုပါ အိမ်ထောင်စုများကို ၎င်းတို့၏ မိသားစု ဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်စေလျက်ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဆန်းတင့်  (ရေကြည်)