စဉ့်ကူး    စက်တင်ဘာ   ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပွားလျက်ရှိရာ ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများမှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ အဆိုပါမြစ်ကမ်းပါး ပြိုကျမှုများအား ကာကွယ်နိုင်ရန် ဆင်သေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျွန်းဦးကျေးရွာနေ ဒေသခံပြည်သူများစုပေါင်း၍ မြစ်ကမ်းပါးပြိုကျမှုမှကာကွယ်နိုင်ရေး ကိုင်းပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)