နေပြည်တော် စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှုများ တွေ့ရှိလာသည့်အတွက် ကြုံတွေ့နိုင် သည့်အခက်အခဲနှင့် လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ထားရှိ ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို အဆင်ပြေအောင်မြင်စွာ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း မ၌ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က  Quartine Center ထားရှိမည့်နေရာများ၊ ဆေးရုံဆေးခန်းများ၊ Positive ဖြင့်ရောက်ရှိလာမည့်လူနာများအတွက် တာဝန်ထမ်း ဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများ၊  ပရဟိတအဖွဲ့များ၊ Volunteer များက မိမိ၏ အသက်ကိုပဓာနမထားဘဲ ရောဂါဖြစ်နေသည့်လူနာများကို မိမိ၏အသက် ကိုရင်းပြီး ဆောင်ရွက်ရသည့်အတွက် မိမိဒေသတွင် သမိုင်းတစ်လျှောက်ဂုဏ်ယူရမည့်သူများ ဖြစ် ကြောင်း၊ ကိုဗစ်ရောဂါ ပြန်လည်တွေ့ရှိရသည့်အတွက် ကျန်းမာရေးပညာရှင်များ၊ လူမှုဝန် ထမ်းပရဟိတအဖွဲ့များက အဆင်သင့်ဖြစ်နေရန်လိုအပ်လာပြီးဖြစ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် ဂရုတစိုက်သွားလာနေထိုင်ရန်နှင့်  Mask တပ်ဆင်ပြီးမှ သွားလာနေထိုင်ရန် လိုအပ်လာပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အပိုင်းများ၊ စက်ပစ္စည်းများအနေဖြင့် ဆောင်ရွက ရမည့်အခြေအနေများ၊ ကာကွယ် ကုသ ရေးအပိုင်းများတွင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ ကူညီဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကိုလည်း တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ပြီး ကူညီ လုပ်ကိုင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။ 

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ Volunteer များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တုံ့ပြန်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင် ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့နေရသောအခက်အခဲများ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)