ပူတာအို စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများသွားလာနေထိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသံချဲ့စက်ဖြင့်နိူးဆော်ခြင်းကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပူတာအိုမြို့၊ မြို့မရပ်ကွက်ရှိ မြို့မဈေးနှင့် နံနက်ခင်းဈေး၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို Mask များ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)