ထားဝယ် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ဈေးကားများဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ အာဇာနည်လမ်း၊ စည်ပင်သာယာဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၅၆၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ထားဝယ်ခရိုင် စားအုန်းဆီ လက်လီဈေးကားဖြင့်လည်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)