ရန်ကုန် စက်တင်ဘာ  ၂၃

 

စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၈၉) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုင်ငံ့၀န်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပရာ သင်တန်းဆင်း တပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ပါမောက္ခချုပ် ဦးဇော်ဇော်အား ချီတက်အလေးပြုကြသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသား အမှတ်-၁၈၂၊ ဦးနိုင်လင်းဌေး၊ ဌာနခွဲစာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၉၄ ဒေါ်အေးအေးမြင့်၊ ဌာနခွဲစာရေး၊ ကုသရေးဦးစီးဌာန ကျန်းမာရေး ဝန်ကြီးဌာနကိုလည်းကောင်း ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား(၅၅)ဦး၊ သင်တန်းသူ(၁၄၀) စုစုပေါင်း (၁၉၅)ဦး တက်ရောက်ကြောင်းပြီး သင်တန်းကာလမှာ ဇူလိုင် ၁၈ ရက်မှ ယနေ့အထိ ရက်သတ္တ(၁၀)ပတ် ကြာမြင့်ခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)