၁။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ယခင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး    ညွှန်ကြားရေးမှူးချုပ်   ဦးသန်းဇော်  ကို   စွမ်းအင်ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထား လိုက်သည်။

၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာဦးစီးဌာန၊   တောင်ကုတ်တက္ကသိုလ်  ပါမောက္ခချုပ် ‌ ဒေါက်တာသန်းထွဋ်လွင် ကို အစမ်းခန့်ကာလ (၁)နှစ်ပြည့် မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။