ကျောက်ဆည် စက်တင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံအထွက်တိုးပွားရေး (၃၄၅၀)ဧက လျာထားစိုက်ပျိုးခဲ့ရာ (၂၄၇၄)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများ အဓိကထားပြီး တိုက်နယ်(၆) ကျေးရွာအုပ်စု (၅)အုပ်စုတွင်(၇၅၇)ဧက၊ တိုက်နယ်(၇) ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၆၀၄)ဧက၊ တိုက်နယ်(၈) ကျေးရွာအုပ်စု (၈)အုပ်စုတွင် (၂၁၀)ဧက၊ တိုက်နယ်(၁၂) ကျေးရွာအုပ်စု (၇)အုပ်စုတွင် (၉၀၃)ဧက စုစုပေါင်း(၂၄၇၄)ဧက စိုက်ပျိုးပြီး‌ကြောင်းနှင့်  ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လွန်ကျော် ဝါသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့် ထွက်နှုန်းကောင်းသော ဝါမျိုးကောင်းမျိုးသန့်များ သုတေသနပြုစိုက်ပျိုးပြီး  ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များ စိုက်ပျိုးဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)