ဘိုကလေး စက်တင်ဘာ ၂၈

 

စာပေအသိပညာ တိုးတက်ပြန့်ပွားစေရေးအတွက် အချိန်မအားလပ်၍ စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာပေများ ငှားရမ်းမဖတ်ရှုနိုင်ခြင်း မဖြစ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ဌာနဆိုင်ရာများ အရောက်သွား၍ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

နယ်လှည့် စာငှားပေးရာတွင် မြို့နယ်စာရင်းစစ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်သို့ အရောက်သွားကာ ဒဿနိကဗေဒဆိုင်ရာ စာအုပ်များ၊ ဘာသာအယူဝါဒ စာအုပ်များ၊ ဘာသာစကားဆိုင်ရာ စာအုပ်များ၊ လူမှုရေးသိပ္ပံနှင့် အသုံးချသိပ္ပံဆိုင်ရာ စာအုပ်များ၊ အနုပညာရပ်ဆိုင်ရာ စာအုပ်များအပြင် မဂ္ဂဇင်း၊ ဝတ္ထုနှင့် ရုပ်ပြစာအုပ်များအား ခင်းကျင်းငှားရမ်းပေးခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် အပတ်စဉ်တိုင်း ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများ အရောက်သွား၍ အဆိုပါ နယ်လှည့်စာငှားခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)