ကျောက်ဆည်၊ စက်တင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် နေကြာမျိုးများဖူလုံရေးနှင့် စားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ကွင်းပိတ်အဖြစ် မျိုးစေ့ထုတ်စိုက်ဧက (၂၀၀)အပါအဝင် (၃၁၄၃)ဧက စိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်၌ နေကြာသီးနှံများစိုက်ပျိုးရာတွင် မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး ကျေးရွာများတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၃)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး ကျေးရွာများတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၀၅)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၁၄၂၄)ဧက၊ သင်းဒီ စိုက်ပျိုးရေးနည်းပညာပေး ကျေးရွာများတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၁၁)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၂၀၀)ဧက၊ ထုံးကြီး စိုက်ပျိုးရေး နည်းပညာပေးကျေးရွာများတွင် (၈၈)ဧက၊ စမာ စိုက်ပျိုးရေးနည်းပညာပေး ကျေးရွာများတွင် ဆည်ရေသောက်စနစ်ဖြင့် (၅၀၀)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၅၆၈)ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေး ကျေးရွာများတွင် ဆည်ရေသောက်စနစ်ဖြင့် (၁၁၆)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၁၈)ဧက စုစုပေါင်း(၃၁၄၃)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

နေကြာသီးနှံ စိုက်ခင်းများ အောင်မြင်စေရေးနှင့် အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များ ဖူလုံစွာဖြန့်ဖြူးပေးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းကာ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး၍ နည်းပညာများ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

           

သက်မောင်(ကျောက်ဆည်)