နေပြည်တော် စက်တင်ဘာ ၂၉

တာဝန်ထမ်းဆောင်နေချိန်တွင် ဝန်ထမ်းများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရုံးဌာနအဆောက်အဦနှင့် စက်ယာဉ်ယန္တရားများလုံခြုံရေးကို အထူးဂရုပြုရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးဝင်းဖေ ပြောကြားသည်။

ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် လိုက်နာရမည့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြဌာန်းချက်များကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းပဒေ ပြဌာန်းချက်ပါအတိုင်း ဝန်ထမ်းများအားလုံး ပါတီနိုင်ငံ့ရေး ကင်းရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန်(၆)ချက်ကို မလွဲမသွေလိုက်နာကျင့်သုံးပြီး နိုင်ငံတော်အပါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများမှ ဝန်ထမ်းရေးရာကိစ္စရပ်များကို တစ်ဦးချင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာ ဆွေးနွေးတင်ပြချက်များအား ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်