နေပြည်တော် စက်တင်ဘာ ၂၉
    
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ထမုန်ကန်စံပြကျေးရွာ ထမုန်ကန်ကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြား စားသောက် ဖွယ်ရာများ လှူဒါန်းသည်။ 
    
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသ အလိုက် ထောက်ပံ့ကူညီလှူဒါန်းလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)