နေပြည်တော် စက်တင်ဘာ  ၂၉
    
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညောင်ဦးခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ Channel 5 Midea အဖွဲ့တို့နှင့် ယနေ့နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ Aureum Palace Resort Hotel ၌ တွေ့ဆုံဆွေးနွေး သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ကဏ္ဍ တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ပုထိုး၊စေတီနှင့် သာသနိကအဆောက် အအုံများကို Channel 5 Midea အဖွဲ့မှရိုက်ကူးထုတ်လွှင့်ပြသ၍ မြန်မာနိုင်ငံ၏ခရီးသွား ကဏ္ဍမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ Channel 5 Midea မှ အဖွဲ့ခေါင်းဆောင် Mr. Khirirath က ပုဂံဒေ၏တန်ဘိုးမဖြတ်နိုင်သည့် ရှေးဟောင်းအလှအပများကို အကောင်းဆုံးရိုက်ကူး၍ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးအတွက် ကမ္ဘာအရပ်ရပ်သို့ ရိုက်ကူးထုတ်လွှင့်ပေး သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Channel 5 Midea သို့ ပန်းချီကား လက်ဆောင်ပေးအပ်ပြီး ဒေသခံခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများလုပ်ကိုင်လျက် ရှိသည့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းရှင် အသင်း(မန္တလေး) ဥက္ကဌတို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)