အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် အမှတ်တရ

သတင်းဆောင်းပါး - မြင့်ဝေလှိုင်

၂၀၂၂ ခုနှစ် သြဂုတ်လကုန်ပိုင်း နေ့ရက်တစ်ရက် မှာ ဖြစ်ပါတယ်။   တရုတ်နိုင်ငံ   ပေကျင်းမြို့မှာ အခြေစိုက်တဲ့ နိုင်ငံပိုင်မီဒီယာကြီးတစ်ခုဖြစ်တဲ့ China Media Group မှတာဝန်ရှိသူတစ်ဦးက  မကြာမီ တရုတ်နိုင်ငံ  ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာကျင်းပမယ့် The 2022 ASEAN  Media Partners Forum ကို    တက်ရောက်ဖို့ အွန်လိုင်းမှ ကြိုတင်ဖိတ်ကြားတာနဲ့အတူ  စာရေး သူထံ ဖိတ်စာရောက်ရှိလာပါတယ်။ ဖိတ်စာအရ အဆိုပါဖိုရမ်ကို ၂၀၂၂ ခုနှစ်  စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ    ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီဖိုရမ်ကို တရုတ်နိုင်ငံ CPC သတင်းပြန်ကြား ရေးကော်မတီနဲ့  CMG Guangxi ဌာနချုပ်တို့က ပူးပေါင်းစီစဉ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရနဲ့ တရုတ်မီဒီယာ အဖွဲ့ CMG က အိမ်ရှင်အဖြစ်  လက်ခံကျင်းပတာ ဖြစ်ပါတယ်။

ဖိုရမ်ကို   “အသိအမြင်တိုးပွားရေး၊    ပူးပေါင်း ဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်ရေး” (Intelligen-ce, Collaboration, Cohesion) ဆောင်ပုဒ်နဲ့ တရုတ် နဲ့ အာဆီယံနိုင်ငံတွေအကြားရှိ မီဒီယာတွေ တစ်စိတ် တစ်ဝမ်းတည်းဖြစ်မှုကို နက်ရှိုင်းစေရန်၊ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပံ့ပိုးကူညီ မှုတွေကို တိုးမြှင့်ရန်နဲ့ ပိုမိုနီးကပ်တဲ့ တရုတ်-အာဆီယံ အသိုက်အဝန်းကို တည်ဆောက်နိုင်ရန်  ရည်ရွယ် ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်

အဆိုပါဖိုရမ်ကို ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး၊ China Media Group ရဲ့ ဒုတိယဥက္ကဋ္ဌ၊  အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနဲ့ တရုတ် နိုင်ငံဘက်မှ တာဝန်ရှိသူတွေ၊ အာဆီယံနိုင်ငံတွေက မီဒီယာဆိုင်ရာအကြီးအကဲတွေ၊ အာဆီယံ-တရုတ် စင်တာ     အထွေထွေအတွင်းရေးမှူးချုပ်၊   အာရှ-ပစိဖိတ်ရုပ်သံထုတ်လွှင့်ရေးအဖွဲ့         အထွေထွေ အတွင်းရေးမှူးချုပ်တို့အပြင်  မီဒီယာအဖွဲ့အစည်း တွေက ဖိတ်ကြားထားသူတွေ  တက်ရောက်ခဲ့ကြပါ တယ်။ မြန်မာနိုင်ငံဘက်ကတော့  နိုင်ငံပိုင်မီဒီယာ တစ်ခုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်   ရုပ်မြင်သံကြားက   ညွှန်ကြားရေးမှူးချုပ်နဲ့ ပုဂ္ဂလိကမီဒီယာအချို့က တာဝန်ရှိသူတွေ အွန်လိုင်း က တက်ရောက်တာ တွေ့ရပါတယ်။

စက်တင်ဘာလ ၁၅  ရက်နေ့ကကျင်းပတဲ့  ဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နဲ့ အာဆီယံဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မီဒီယာဆိုင်ရာ ကိုယ်စားလှယ်တွေ က နှုတ်ခွန်းဆက်စကားတွေ၊ မိန့်ခွန်းတွေ ပြောကြား ခဲ့ပြီးတဲ့နောက် CMG နဲ့ အာဆီယံနိုင်ငံမီဒီယာတွေ ပူးပေါင်းဆောင်ရွက်ရေး  ကဏ္ဍသစ်  စတင်ခြင်း၊ ပြည်ပနဲ့  အွန်လိုင်းဆက်သွယ်ရေးမြှင့်တင်ခြင်း၊ CMG နဲ့ ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရတို့မဟာဗျူဟာ ပူးပေါင်းဆောင်ရွက် ရေး     သဘောတူညီချက်လက်မှတ်ရေးထိုးခြင်း အစီအစဉ်တွေကို  ထည့်သွင်းကျင်းပခဲ့ပါတယ်။ ဒီဖိုရမ်ကို နိုင်ငံပေါင်း ၁၇ နိုင်ငံက မီဒီယာအဖွဲ့တွေနဲ့ အသင်းအဖွဲ့စုစုပေါင်း ၇၀ ကျော် တက်ရောက်သူ ၁၈၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ဒီဖိုရမ်ဟာ  တရုတ်နိုင်ငံ     ကွမ်ရှီကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာပဲ ကျင်းပမယ့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအကြိုပွဲတစ်ခုဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖွင့်လှစ်ပြသကျင်းပခဲ့တယ်လို့ သိရပါတယ်။

တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား မိတ်ဖက် ဆက်ဆံရေးကို ၁၉၉၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ   နှစ်ပေါင်းသုံးဆယ်ပြည့်ခဲ့ပြီဖြစ်ပါ တယ်။    ကဏ္ဍစုံမှာ  မိတ်ဖက်ဆောင်ရွက်ခဲ့ရာမှာ တိုးတက်မှုအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့်  ကုန်သွယ်ရေးပိုင်းမှာ   ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံရဲ့အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ယခုနောက်ပိုင်းမှာ ၁၃ နှစ်ဆက်တိုက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အာဆီယံ နိုင်ငံတွေရဲ့  ကုန်သွယ်မှုဟာလည်း  တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနရဲ့  တရားဝင်အချက်အလက် တွေအရ  နှစ်ပေါင်သုံးဆယ်အတွင်း  ၈၅ ဆအထိ တိုးတက်လာတယ်လို့  သိရပါတယ်။    အလားတူ ကာလအတွင်းမှာပဲ တရုတ်နဲ့အာဆီယံတို့အကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာဟာ နှစ်ဖက်ပြည်သူတွေအကြား နားလည်မှုကိုမြှင့်တင် ပေးနိုင်ခဲ့ပြီး နှစ်ဖက်မီဒီယာတွေအကြား ချစ်ကြည် ရင်းနှီးမှုကို တိုးတက်ရရှိစေခဲ့ပါတယ်။

ပြည်သူတွေရဲ့ နား၊ မျက်စိ

မီဒီယာဆိုတာ   ပြည်သူတွေကို သတင်းအချက် အလက်တွေနဲ့အတူ    အသိအမြင်တွေပေးနိုင်တဲ့ ပြည်သူတွေရဲ့   မီးအိမ်တွေ၊   အလင်းရောင်တွေပဲဖြစ်ပါတယ်။    တစ်နည်းအားဖြင့်   ပြည်သူတွေရဲ့  နား၊ မျက်စိလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် တရုတ်နဲ့ အာဆီယံပြည်သူတွေအကြား အတူတကွ   သာယာဝပြောရေး၊     ပိုမိုတက်ကြွအားကောင်းတဲ့ တရုတ်-အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင် ရေးအတွက်ဆိုရင်  နှစ်ဖက်အကြား  ဆန်းသစ်တဲ့ နည်းပညာဖလှယ်တာ၊     သတင်းအချက်အလက် မျှဝေတာစတာတွေကို နှစ်ဖက်ပူးပေါင်းလို့ စဉ်ဆက် မပြတ် ပြုလုပ်ဖို့လိုပါတယ်။

မီဒီယာလုပ်ငန်းဆိုတာ     သတင်းအချက်အလက် နဲ့ နည်းပညာတွေကို အခြေခံထားတာဖြစ်ပါတယ်။ တစ်ဆက်တည်းပြောရရင် မီဒီယာလုပ်ငန်းဆိုတာ ပြည်သူနဲ့ အစိုးရအကြား၊ ပြည်သူနဲ့ ပြည်သူအကြား   သတင်းအချက်အလက်တွေကို   အထက်အောက် အပြန်အလှန် ဆက်သွယ်ပို့ဆောင်ပေးတဲ့  ပေါင်းကူး တံတား၊   တစ်နည်းအားဖြင့် ဆက်သွယ်ရေးကွန်ရက် တစ်ခုပါပဲ။   သတင်းတွေ၊ ဖြစ်စဉ်တွေကို တစ်နေရာ ကနေတစ်နေရာကို     အမှန်အတိုင်းရောက်ဖို့ ဆက်သွယ်ပို့ဆောင်  တင်ဆက်ပေးရတာပဲ   ဖြစ်ပါ တယ်။        ဒီလိုဆက်သွယ်တင်ဆက်တဲ့နေရာမှာ ဘက်လိုက်မှုတွေမဖြစ်ဖို့၊   သတင်းမှန်တွေဖြစ်ဖို့၊ မသက်ဆိုင်သူတွေအပေါ် ထိခိုက်နစ်နာ မှုမရှိစေဘဲ သတင်းတွေကို လွတ်လပ်စွာရေးသား တင်ဆက်နိုင် ဖို့  “သတင်းမီဒီယာကျင့်ဝတ်”ဆိုတဲ့   စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ထိန်းကျောင်းပေးထားတာပဲ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ   သတင်းမီဒီယာတွေကို စတုတ္ထမဏ္ဍိုင်လို့ အသိအမှတ်ပြုထားကြပါတယ်။    ဒါဟာ မီဒီယာရဲ့အရေးပါမှုကို ဖော်ညွှန်းထားတာပဲ ဖြစ်ပါတယ်။

ဒီလိုအရေးပါတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသား တင်ဆက်မှုတွေမှာ အဓိကကျတဲ့ အချက်နှစ်ချက် ရှိပါတယ်။ အဲဒါတွေကတော့ သတင်းအချက်အလက် မှန်ကန်ဖို့နဲ့ မြန်ဆန်စွာဆက်သွယ် တင်ဆက်နိုင်ဖို့ ဖြစ်ပါတယ်။ သတင်းအချက်အလက်မှန်ကန်ဖို့ကို ဦးစားပေးရမှာဖြစ်ပေမယ့်  မြန်ဆန်မှုဟာလည်း အရေးပါတာတွေ့ရမှာ  ဖြစ်ပါတယ်။  ဒါကြောင့် သတင်းပို့ဆောင်ဆက်သွယ်မှု      မြန်ဆန်ဖို့ဆိုရင် အလွယ်တကူ ပို့ဆောင်ဆက်သွယ်နိုင်မယ့် နည်း ပညာတွေ အစဉ်အမြဲဆန်းသစ်နေဖို့    လိုပါတယ်။ ပြောရရင် ယနေ့ကာလမှာ သတင်းဖြန့်ဝေတင်ဆက် မှုဆန်းသစ်တီထွင်ခြင်းကို မီဒီယာလုပ်ငန်းတိုးတက် ဖွံ့ဖြိုးဖို့၊ အသွင်ပြောင်းဖို့  လုပ်ဆောင်တာအတွက် သာမကဘဲ လူ့အဖွဲ့အစည်းကို  ဘယ်လိုပုံဖော်ကြ မလဲ၊ လူ့အဖွဲ့အစည်းတွေအရင်ကထက် ပိုမိုဖွံ့ဖြိုးဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာကို အခြေခံပြီး စဉ်းစား ဆောင်ရွက်ကြဖို့လိုပါတယ်။

သတင်းဖလှယ်မှုတွေ၊ မီဒီယာတွေအကြား ကူးလူးဆက်ဆံမှုတွေ ပိုမိုတိုးတက်

 တရုတ်နဲ့ အာဆီယံအကြား      ဆန်းသစ်တဲ့ သတင်းအချက်အလက်တွေကို   ဖလှယ်နိုင်ဖို့၊ ဒီဆန်းသစ်တဲ့    နည်းပညာတွေနဲ့ လူ့အဖွဲ့အစည်း  တွေ  ပိုမိုဖွံ့ဖြိုးနိုင်ဖို့အတွက်  ပုံဖော်နိုင်ဖို့  အဓိက ရည်ရွယ်ပြီး  အခုကျင်းပခဲ့တဲ့ဖိုရမ်မှာ   “Launch Ceremony New Round of Cooperation between CMG and ASEAN Media”၊ “Launch Ceremony of Overseas Communi- cation and Online Promotion Action ‘Splendid and Beautiful Guangxi”   ဖွင့်ပွဲအခမ်းအနားနဲ့    “Unveiling Ceremony:China -ASEAN  Media  Complex” 
မိတ်ဆက်ပွဲအခမ်းအနား     အစီအစဉ်တွေကို ထည့်သွင်း ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒီအစီအစဉ် တွေကတစ်ဆင့်  နောင်မှာ   တရုတ်နဲ့  အာဆီယံ အကြား သတင်းဖလှယ်မှုတွေ၊ မီဒီယာတွေအကြား ကူးလူးဆက်ဆံမှုတွေ ပိုမိုတိုးတက်လာမယ့်အပြင် အဆိုပါနိုင်ငံတွေအကြား   ပြည်သူတွေအတွင်း သတင်းမှန်တွေသိရှိနိုင်မှု အခွင့်အလမ်းတွေလည်း ပိုမိုတိုးတက်ရရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

တကယ်တော့   တရုတ်နဲ့   အာဆီယံနိုင်ငံတွေ အကြား      မိတ်ဖက်ဆက်ဆံရေးဟာ     နှစ်ပေါင်း သုံးဆယ်ရှိခဲ့ပြီဖြစ်တယ်လို့ဆိုခဲ့ပေမယ့်  အာဆီယံ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ရဲ့မိတ်ဖက်ဆက်ဆံရေးဟာ နှစ်ပေါင်းသုံးဆယ် မက ရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။  အလားတူ မီဒီယာ အချင်းချင်း    ကူးလူးဆက်သွယ်ဆက်ဆံရေးဟာ လည်း နှစ်ပေါင်းသုံးဆယ်မက ရှိခဲ့ပါပြီ။ နှစ်နိုင်ငံ တို့က   စာရေးဆရာတွေ၊     သတင်းစာဆရာတွေ အပြန်အလှန်  သွားရောက်လည်ပတ်ကြခြင်းဟာ နှစ်နိုင်ငံအကြား       ချစ်ကြည်ရင်းနှီးမှုပေါင်းကူး တံတားကိုတည်ဆောက်နိုင်သလို   မီဒီယာအချင်း ချင်း စာပေ၊ ယဉ်ကျေးမှုနဲ့ သတင်းဖလှယ်မှုအား ပိုမိုတိုးတက်လာခဲ့တာဟာလည်း လက်တွေ့ကျတဲ့ အမှန်တရားပဲဖြစ်ပါတယ်။

ယခုအခါမှာ     မြန်မာနိုင်ငံဟာ  အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအတွင်း     တရုတ်နိုင်ငံနဲ့      ညှိနှိုင်းမှုတာဝန်ခံဆောင်ရွက်နေတဲ့     (Country Coordinator)အဖြစ်    တာဝန်ယူဆောင်ရွက်နေ တဲ့နိုင်ငံဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တရုတ်နဲ့ အာဆီယံအကြား မိတ်ဖက်ဆက်ဆံရေး  ထိရောက်အောင်မြင်ဖို့  အရေးပါတဲ့ကဏ္ဍက တာဝန် ယူထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဖိုရမ်မှာရရှိတဲ့ ဆွေးနွေးချက်တွေ၊     သဘောတူညီချက်တွေကို အခြေခံပြီး    မီဒီယာစွမ်းအားနဲ့    အပြန်အလှန် ပိုမိုယုံကြည်၊    ပိုမိုဖေးမကူညီနိုင်တဲ့     အာဆီယံ မိတ်ဖက်ဆက်ဆံရေးကို  တည်ဆောက်မြှင့်တင်ရာ မှာ မြန်မာနိုင်ငံအနေနဲ့  အရေးပါတဲ့နေရာကနေ ပါဝင်အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်   ၂၀၂၂-အာဆီယံ မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ဟာ တရုတ်နဲ့ အာဆီယံနိုင်တွေရဲ့ မီဒီယာတွေအကြား ချစ်ကြည်ရင်းနှီးမှု၊  ယုံကြည်မှုနဲ့   သတင်းအချက် အလက်  အပြန်အလှန်ဖလှယ်ရေးကို ပိုမိုတိုးမြှင့်နိုင် မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကနေ ဖြစ်ထွန်းလာတဲ့ အကျိုး ရလဒ်ကတစ်ဆင့်  “ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာလှပခြင်း၊ ကြွယ်ဝခြင်း”နဲ့အတူ ချစ်ကြည် ရင်းနှီးတဲ့  ဘုံအကျိုးတူ   အသိုက်အဝန်းကိုလည်း တည်ဆောက်နိုင်လိမ့်မယ်လို့  ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါတယ်။       ။