မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းနှင့် ရာမညသဲကွင်းနေရာအား အဆင့်မြှင့်တင်ဆောင်ရွက်

မော်လမြိုင် အောက်တိုဘာ

 

မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

လူထုလှုပ်ရှားအားကစားကွင်း ဆောင်ရွက်နိုင်သည့် နေရာနှင့်  မြစ်ကမ်းသာ လျှောက်လမ်းနေရာများ တည်ဆောက်ခြင်း၊ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်းနှင့် အလှမီးတိုင်များ ထွန်းညှိခြင်းများဖြင့် ရာမည သဲကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ပြည်နယ်၀န်ကြီးချုပ်က ကြည့်ရှုစစ်ဆေခဲ့ပြီး တည်ဆောက်ရေး တာဝန်ရှိသူမှ သဲသောင်ပြင် အလျား (၅၀၀)ပေ၊ အကျယ် (၁၁၀) ပေ တိုးချဲ့ကမ်းနားလမ်း၊ ရာမညသဲကွင်းနေရာအား ကွန်ကရစ်လျှောက်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြစ်ရေ ကင်းလွတ်အမြင့်ဖြင့် ကမ်းထိန်းနံရံတည်ဆောက်ခြင်း၊ မြေယာရှုခင်း၊ ကလေးကစားကွင်း၊ နားနေခုံများ၊ ပန်းပင်နှင့် မြက်ခင်းပြင်ပြုလုပ်ခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းနှင့် Entertainment Area တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က မြို့ပြသွင်ပြင်လက္ခဏာ ပေါ်လွင်စေရေး၊ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီစံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)