မုံရွာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာစီးပွားရေးတက္ကသိုလ် အဆောင် (၈) အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြားရေးနှင့် စီမံဌာနများမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၈၅) ဦးခန့် တက်ရောက်သည်။
အခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာဒေါ်စိုးသူက အဖွင့်အမှာစကား ပြောကြားပြီး စာရင်းအင်းပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ မြင့်မိုးမိုးခင်က “ပညာရေး ပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု” ခေါင်းစဉ်နှင့် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာရီရီချိုက “ပညာပြည့်ဝနှလုံးလှသော ထာဝရဆရာ” ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ် (IRO) ဒေါက်တာခိုင်မာလှိုင်မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဟောပြောပေးခဲ့သော ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ယွန်း(မုံရွာ ကိုယ်ပွား)