ရန်ကုန်  အောက်တိုဘာ   ၇

 

မြန်မာနိုင်ငံ    စာရေးဆရာအသင်းက ၁၃၈၄  ခုနှစ်  မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် အဖြစ်  (၃၅)ကြိမ်မြောက်  သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင် များက အလှူငွေများ စတင်ပေးအပ် လှူဒါန်းကြရာ  ဦးဇာလီဝင်းစော- ဒေါ်ခင်နှင်းဖြူ      (မင်္ဂလာ ရတနာကျောက်စီပန်းချီဆိုင် - ဗိုလ်ချုပ်ဈေး)က  ငွေကျပ် သုံးသိန်း၊ ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)က ငွေကျပ် နှစ်သိန်း၊ တောင် ဥက္ကလာပမြို့နယ်  စာရေးဆရာအသင်း က  ငွေကျပ်  တစ်သိန်းခွဲ၊    ဆရာတော် ဘဒ္ဒန္တကေလာသ      (ပဏ္ဍိတာရာမ စာသင်တိုက်၊ ဒဂုံဆိပ်ကမ်း)၊  ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်)    -  မလေးယဉ် မိသားစု၊ ဦးအောင်ကြည် (အောင်ကြည် ညွန့် - တက္ကသိုလ်)  -(ဒေါ်ခင်ဖြူဗျင်) မိသားစု၊ ဦးညွန့်လှိုင်(မောင်မောင်ညွန့် လှိုင်)၊       အမေ့သားထိုက်စာပေနှင့် သင်္ကန်းဆိုင် မိသားစု၊   ဦးဖေသက်ညွန့် (စာရေးဆရာ   ဆွေဇင်ညွန့်)၊   စာရေး ဆရာ   ရဲမင်းစိုးနှင့်    ဦးတင်ကိုကို - ဒေါ်အေးအေးမူ (တော်ဝင်မြင်းမိုရ် ကုမ္ပဏီလီမိတက်)   တို့က  ငွေကျပ် တစ်သိန်းစီ၊   မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ငါးသောင်း လှူဒါန်းရာ အသင်းဥက္ကဋ္ဌ  ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့်     အတွင်းရေးမှူး  ဦးညွန့်တင်     (မောင်ငြိမ်းသူ-ကြို့ပင် ကောက်)တို့က  လက်ခံရယူပြီး(အပေါ်ပုံ) ကျေးဇူးတင်စကား ပြောကြားသည်။

 

အလှူပစ္စည်းဖြစ်စေ၊   အလှူငွေဖြစ်စေ  လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅၊ (၇)လွှာ၊  ပန်းဆိုး တန်းလမ်း(အလယ်)၊  ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ဝ၁ -၂၅၂၄၁၇၊ ဝ၉-၄၅၀ဝ၉၀၄၈၆   သို့     ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်