ကျိုက်ထို      ဩဂုတ်       ၈

 

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီး များထံမှ ဩဝါဒခံယူပွဲကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဩဝါဒါစရိယ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဗောဓိကိုးထောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံမှ ငါးပါးသီလ ခံယူတည်ဆောက် ကြသည်။

 

ယင်းနောက် မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ် သာသနာရေးမှူး ဦး‌အောင်ဝင်းထွန်း၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းတို့က သာသနာရေးဆိုင်ရာများ အသီးသီးလျှောက်ထားကြပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဩဝါဒါစရိယ နိုင်ငံတော် သံဃမဟာနာယက(အဖွဲ့ဝင်) ဘဒ္ဒန္တအာစာရ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်ကြီးများက လိုအပ်သည်များ ဖြည့်စွက်မိန့်ကြားခဲ့သည်။

 

ဆက်လက်၍ ဆရာတော် အရှင်သူမြတ်တို့အား နဝကမ္မ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နေ့ဆွမ်း ဆက်ကပ်ခဲ့‌ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)