ရန်ကုန်       အောက်တိုဘာ       ၈

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးမှူး၍ သီတင်းကျွတ် မီးထွန်းပွဲနှင့် ဈေးရောင်းပွဲတောကို ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် သီတင်းကျွတ်လပြည့် အကြိုနေ့ အောက်တိုဘာ ၈ ရက်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် အောက်တိုဘာ ၁၀ ရက်အထိ ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါမီးထွန်းပွဲအဖြစ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ မီးတိုင်များတွင် လှပဝေဆာစွာဖြင့် ရောင်စုံမီးအလှများကို တပ်ဆင်ထားရှိပြီး ဈေးရောင်းပွဲတော်အတွက် အကျယ် ၁၀ ပေ ပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၇၀ ခန်းရှိကာ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်၊ အသီးအနှံများကို ရောင်းချသွားမည်ဖြစ်သည်။

 

သီတင်းကျွတ်မီးထွန်းပွဲနှင့် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၈ ရက် နံနက် ၇ နာရီမှ ည ၈ နာရီအထိ ကျင်းပမည်ဖြစ်ပြီး တေးဂီတဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တော်သူ မြို့တော်သားများ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)