နေပြည်တော် အောက်တိုဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဝါးခယ်မကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရေတွင်းကုန်းကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ပညာလင်္ကာရမဏ္ဍိုင်ကျောင်းတိုက် နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန် တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မဟာသုဗောဓါရုံ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သာမဏေကျော် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မဟာဝရဇိန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ၊ အောင်ပင်လယ်ပရိယတ္တိစာသင်တိုက်၊  ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်ရှိ မူလမင်းကွန်းကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ဓမ္မဂုဏ်ရည်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်