နေပြည်တော် အောက်တိုဘာ ၁၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ လျောင်းတော်မူကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ရွှေဟင်္သာတောရ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျော်အောင်စံထား ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဇေယျာမြိုင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ သာသနဟိတပရိယတ္တိ စာသင်တိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ သီရိနော်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ လောကအတုလမာန်အောင် ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ကိုးသောင်းသာသနာ့မင်္ဂလာကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ပါရမီဓမ္မရိပ်သာကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပဲခူးပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ စင်္ကာပူကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ကန်ကြီးပရိယတ္တိစာသင်တိုက်တို့သို့ တာဝန်ရှိသူများက ဆန်ကြာဆံများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်