၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ တော် ကင်မွန်းချောင်းတောင်တက်ယာဉ်စခန်းအား အောက်တို ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက်သမားများက လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။
၂။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော် ကုသိုလ်ကောင်းမှုပြုလုပ်ကြသော အပြစ်မဲ့ပြည်သူများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဤအကြမ်းဖက်လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြသော ဘုရားဖူးပြည်သူများအတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်မှ ဝမ်းနည်းကြေကွဲရပါ ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်