မန္တလေး အောက်တိုဘာ ၁၄

မန္တလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(စာပေးစာယူ) ပထမနှစ်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါကျောင်း ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို သင်တန်းသား သင်တန်းသူများက ဂုဏ်ပြုသီချင်းသီဆို၍ ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ကြိုဆိုအဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေကျပ် သိန်း ၂၀ ကို ပေးအပ်ကာ သင်တန်းသား သင်တန်းသူများ၏ သီဆိုကပြ တင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ရင်းနှီးစွာလို က်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်