နေပြည်တော် အောက်တိုဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်းဟာသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပ သည့် ရုပ်သေးကြိုးဆွဲပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးသည်။
အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်(ဒုတိယ တန်း) အမျိုးသား/အမျိုးသမီး ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲဝင်များက မင်းသား၊ မင်းသမီးနှင့် ဇော်ဂျီ ကြိုးဆွဲရုပ်သေးရုပ်များကို ကြိုးများဖြင့် ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး မြန်မာ့ရိုးရာ ကကွက်များအပြင် ကိုယ်ဟန်အနေအထားအမျိုးမျိုး၊ အမူအရာအမျိုးမျိုး တို့ကို အနုပညာမြောက် သရုပ်ဖော်တင်ဆက်ပြသ ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလုံးဆိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပ သည့် “ကာလပေါ်” တေးသီချင်းအဆိုပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အမျိုးသားပြိုင်ပွဲဝင် များနှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)ပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် ကာလပေါ်တေးသီချင်းများအား ငြိမ့်ညောင်းသာယာနားဝင်ပီယံရှိစေမည့် အသံနေအသံထား များဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်