ပွင့်ဖြူ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းလမ်းအရှည်ပေ ၃၆၀ အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာခွင့်ရရှိသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းလမ်း အရှည်ပေ ၃၆၀ အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ သာမန်ခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၉၅၀ သန်းဖြင့် လမ်းအကျယ် ၁၂ ပေ ၊ ထု ၈ လက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာများက တာဝန်ယူဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာတွင်းလမ်းများရှိ လမ်းမီးတိုင်များ ညပိုင်းအချိန် အလင်းရောင်ကောင်းစွာရရှိစေရန်နှင့် ကျေးရွာ လုံခြုံရေးကိစ္စရပ်များအတွက် အဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၂၀)ဖြင့် ကျေးရွာတွင်းရှိ လမ်းမီးတိုင်များတွင် LED မီးသီးအလုံး(၃၀) အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာမြေစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက် ကုန်သီးနှံများကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် က ပြောကြားသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)