မိုးနဲ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း တောင်ကျချောင်းရေများ ဝင်ရောက်မှု မရှိစေရေးအတွက် ကွင်းပတ်ကျောက်စီ၊ အုတ်စီရေတားမြောင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေတားမြောင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၅၉၄ သိန်းဖြင့် အရှည် ၅၅၀ ပေ ၊ အမြင့် ၈ ပေ၊ အကျယ် ၆ ပေကို တင်ဒါအောင် Royal Minthiha ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေတားမြေတားမြောင်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူ များက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)