မင်းတုန်း အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မင်းတုန်းမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းသား ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဒေါ်စောနန်းနွယ်မှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆိုင်ရာ အကြောင်း အရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းသို့ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၃၃)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)