လားရှိုး       အောက်တိုဘာ        ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့  ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ ပညာ ရတနာခန်းမတွင် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂) သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲကို ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာ စကားပြောကြားပြီး လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

 

ထို့နောက် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်းသား သင်တန်းသူများက သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂) ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ၄၃ ရက် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းသို့ လားရှိုးခရိုင်၊ မူဆယ်ခရိုင်နှင့် ကျောက်မဲခရိုင်များမှ သင်တန်းသား သင်တန်းသူ  ၃၃၇ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး