ဇီးကုန်း အောက်တိုဘာ ၁၅

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ မိုလ်ဘိုင်းဖုန်းဖြင့်  သတင်းဗွီဒီယို တည်းဖြတ်နည်း သင်တန်းကို  ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ယခုသင်တန်းကို ဌာနဆိုင်ရာအသီးသီး၏ လုပ်ဆောင်ချက်များနှင့် မြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၏ ဆောင်ရွက်ချက် သတင်းများကို အွန်လိုင်းမှတစ်ဆင့် ပြည်သူလူထုအား ချပြရာတွင် လွယ်ကူမြန်ဆန်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မိုလ်ဘိုင်းဖုန်းဖြင့် ဆော့ဖ်ဝဲလ် အသုံးပြု၍ ဗွီဒီယိုတည်းဖြတ်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင့်ဆွေမှ သင်တန်း နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါသင်တန်းကို အခမဲ့ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)