နတ်မောက် အောက်တိုဘာ ၁၅

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အမျိုးသမီးရေးရာ၊  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့မ  ရပ်ကွက်ရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ခဲ့ကြသည်။

 

အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဆွေနှင့် အဖွဲ့ဝင်များမှ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲများထောက်ပံ့ပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တတိယပတ်  (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် အသက် ၈၅ နှစ်နှင့် အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေများကို  မြို့မရပ်ကွက်ရှိ အဘိုး(၄)ဦးနှင့်အဘွား(၈)ဦး စုစုပေါင်း (၁၂)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)