ကျောက်မဲ အောက်တိုဘာ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ယနေ့နံနက်ပိုင်းက တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲတပ်နယ်ရှိ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ‌ရေးဌာန၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ဦးခန့်က ဆေးရုံဝင်းအတွင်းရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်များ ၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။

 

ထိုသို့သန့်ရှင်း‌ရေး ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက ဆင်းကြည့်ရှု့အား‌ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)