ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ တောင်ဥက္ကလာ ပမြို့နယ်၊ (၁၃)ရပ်ကွက်၊ မင်္ဂလာလမ်းရှိ အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းနှင့် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ မာလာနွယ်လမ်း နှင့် အိုးစု(၃)လမ်းထောင့်ရှိ အမှတ် (၁၁) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် မြက်ပင်ချုံနွယ်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက် စာသင်ခန်း များအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းများပတ်ဝန်းကျင်ရှိ ရေမြောင်း များအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းအဆောက်အဦ နံရံ များ ရေညှိတက်နေမှုတို့အား တိုက်ချွတ်ဆေးကြောခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော် ကလေးအရှေ့ရပ်ကွက်၊ သိမ်ဖြူလမ်း (၅)ခွဆုံသို့ သွားရောက်၍ ဒေါ်သိန်းတင်လမ်းနှင့် မြန်မာ့ ဂုဏ်ရည်လမ်းအကြား၊ သိမ်ဖြူလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်း အတွင်းရှိ အမှိုက်၊ မြောင်းချေးများနှင့် သဲမြေများ ဆယ်ယူရှင်းလင်းခြင်း၊ ဖြတ်မြောင်းနှာပေါက် များ အတွင်းရှိ အမှိုက်များ၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ ခုတ်ထွင်ဖြတ်ညှိ ပုံသွင်းခြင်း ဆောင်ရွက်နေမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်