ပန်းတောင်း  ၁၀ ဖေဖော်ဝါရီ

 

ယခုနှစ် ဖေဖော်ဝါရီ ပထမပတ်မှစ၍ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာရှိ ဘုရားတစ်ထောင် အကောက်တောင်သို့ ဘုရားဖူးလာသူများသည် ဧရာဝတီမြစ်အတွင်း သဲသောင်များပေါ်ရှိ အပန်းဖြေစခန်းများတွင် အပန်းဖြေ ရေချိုးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

2012596

 

“ကျောက်တောင်တွေကို ထွင်းထုထားတဲ့ ရှေးဟောင်း နံရံကပ်ဘုရားများရှိသည့် ဘုရားတစ်ထောင် အကောက်တောင်က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တို့ အကြားမှာ ရှိတာပါ၊ ဘုရားတစ်ထောင်ကို ဘုရားဖူးသွားချင်ရင် ထုံဘိုကျေးရွာ ဧရာဝတီမြစ်ကမ်းနားက စက်လှေတွေနဲ့ သွားရတယ်၊ ခု မိုးကုန်တော့ ဧရာဝတီမြစ်က သောင်တွေထွန်းလာခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေး အစီအစဉ်ဖြင့် အပန်းဖြေစခန်းတွေ ဆောက်ကြတယ်၊ သဲသောင်ပြင်မှာ ရေချိုး၊ ရေကစားရန်အတွက် ဘောကွင်းတွေ၊ လျှောစင်တွေ၊ ရေပေါ်စီးစက်ဘီး၊ ဆိုင်ကယ်၊ ဈေးဆိုင်တွေနဲ့ အသက်ကယ် အင်္ကျီတွေပါ စီစဉ်ပေးထားတယ်၊ အန္တရာယ်ရှိတဲ့ ရေနက်တဲ့ နေရာတွေမှာလည်း တားမြစ်နယ်မြေသတ်မှတ် ဆောင်ရွက်ပေးထားပြီး လုံခြုံရေးစီစဉ်ပေးထားတယ်” ဟု ဒေသခံ ဦးမြင့်ဆွေက ပြောသည်။

 

153733

 

ဧရာဝတီမြစ် သဲသောင်ပြင်သို့ ဘုရားဖူးများအပြင် ရေချိုးအပန်းဖြေသူများ နေ့စဉ်လာရောက်လျက်ရှိပြီး သဲသောင်ပြင်သို့ စက်လှေဖြင့် သွားရကြောင်း၊ စက်လှေခမှာ လူကြီး ၁၀ဝ၀ ကျပ်ပေးရပြီး ကလေးများအတွက် အခမဲ့ ပို့ဆောင်ပေးကာ ဒုတိယ ချောင်းသာဟု တင်စားခေါ်ကာ စည်ကားလျက်ရှိကြောင်း သိရသည်။

 

အောင်မြင့်(ပန်းတောင်း)